Wednesday, January 14, 2009

“ဟက်ပီးနယူးရီးယားညရဲ.”

“ဟက်ပီးနယူးရီးယားညရဲ့တစ်နှစ်စာအလွဲများ”

အသက်ပြင်းတဲ့ ခြေတလှမ်းရဲ့အဆုံးမှာ

ဘာရယ်လို့ မယ်မယ်ရရမဟုတ်ပေမယ့်

အပုံလိုက် အထပ်လိုက်လူတွေရဲ့

အဖတ်လိုက် ကွာကျလာသော

ကျီးပြိုသံတွေ…။

ကိုယ့်ကိုကိုယ် မှန်တစ်ချပ်ရှေ့မှာ

ပြန်ကြည့်ခွင့်မရှိတော့တဲ့ သူအတွက်

မှတ်မှတ်ရရလေး ဖြစ်အောင်

ဝမ်းနည်းပါတယ်ကွာ ဆိုတဲ့စကားတစ်ခွန်းနဲ့

လေချွှန်နေလိုက် ကြတာပေါ့။

“ငိုက်မျဉ်းခြင်း”

ငါ့သတိရခြင်းတရားကို

ခြူတပ်ပေးထားချင်တယ် ။

အရုပ်သစ်ပင်ဆိုပေမယ့်လဲ

လေတိုက်တိုင်း ယိမ်းနွဲ့ခွင့်ရချင်တာပေါ့…


ရိုးသားခြင်း၊မြတ်နိုးခြင်း ၊တန်ဖိုးထားခြင်း

အစွဲအလမ်းကြီးခြင်း၊ တွယ်တာခြင်း၊ အမှတ်ရခြင်း

မိန်းမောခြင်း ၊စိုးရွံခြင်း ၊အဓိပ္ပာယ်မဲ့ခြင်း

မွန်းကြပ်ခြင်း ၊အောက်မေ့ခြင်း ၊ခွဲခွာရခြင်း စသည်ဖြင့်

ရေခဲမှတ်အောက်ရောဂါဆိုးများ………


နူရိုးဆစ်တနင်္ဂနွေ

လိုသည်ထက်ပို၍မသောက်သုံးသင့်သော

စိတ္တဇဟုအမည်ပေးထားသော ပန်းတပွင့်

ဘ၀၏ ချောက်တွန်းကောင်းသောရာသီပေါ်အစားအစာများ

ရေအဆုံး ကုန်းတ၀က် ချစ်သူ့မျက်နှာ

အိမ်မက် တော်လဲသံ

တိမ်တွေကို ချည်နှောင်လေသောကြိုးတစ်ချောင်း

မြုပ်ချီပေါ်ချီ ဆန္ဒတစ်စုံ

ရေဆူမှတ်ထက် ပို၍လောင်ကြွမ်းမိခဲ့သော

သွေးအေးသတ္တ၀ါ တစ်ကောင်ရဲ့ ငြီးငြူသံ


[ဟူး…..............]

အတန်တန်တားထားပါလျှက်

ငိုချင်လျှက်လက်တို့ ညနေခင်းဟာ

တအားကြီးကို ပြိုဆင်းလာခဲ့ပါတယ်။

1/1/05 pm 11:50 At home

Thursday, December 22, 2005

“ စကားဝိုင်း ”

သရိုးသရီနိုင်တဲ့

အမူအရာတွေကြား

ပြုံးသလား

မဲ့သလား

ငါနားမလည်နိုင်လို့

ဘာသာစကား သင်ရဦးမယ်။

တကယ်ဆို

ဘာသာဗေဒဆိုတာ

အဓိပ္ပာယ်မှ မရှိတာ။


မျက်လုံးချင်း အဆုံမှာ

ဘာသာဗေဒရယ်က တပုံတပင်

မင်းလည်းတတ်တယ်

ငါလည်းတတ်တယ်

ဘယ်ဂြိုလ်ကမ္ဘာမှာ မဆို

ပြောနိုင်ကြတယ်။


အောက်သီးအောက်သက်

ထိုင်နေရတဲ့ ဒီအခန်းမှာ

မင်းဇာတိက ဘယ်မှာ

ဘယ်ကလာ …….

ဘယ်ကိုသွား ……. စသည်ဖြင့်

ရောက်တတ်ရာရာ

သောင်းပြောင်းထွေလာ။


[သြော် …….ဟုတ်ကဲ့]

မကြားလိုက်လို့လား….

နောက်တခေါက်လား …

သဒ္ဒါက လွဲတယ်။

ဘယ်လိုပြောရမလဲ

ဝမ်းနည်းပါတယ်

ကောင်းသောနေ့ပါ

ဒီဘက်ကိုလာ….

ဒီလိုနဲ့ တဒင်္ဂ ။


[အင်း …....................]

Water Cooler ရှိတာကိုပဲ

အတော် ကျေးဇူးတင်မိတယ် ။


4/4/06 –At home – PM 10:30