Wednesday, January 14, 2009

“ငိုက်မျဉ်းခြင်း”

ငါ့သတိရခြင်းတရားကို

ခြူတပ်ပေးထားချင်တယ် ။

အရုပ်သစ်ပင်ဆိုပေမယ့်လဲ

လေတိုက်တိုင်း ယိမ်းနွဲ့ခွင့်ရချင်တာပေါ့…


ရိုးသားခြင်း၊မြတ်နိုးခြင်း ၊တန်ဖိုးထားခြင်း

အစွဲအလမ်းကြီးခြင်း၊ တွယ်တာခြင်း၊ အမှတ်ရခြင်း

မိန်းမောခြင်း ၊စိုးရွံခြင်း ၊အဓိပ္ပာယ်မဲ့ခြင်း

မွန်းကြပ်ခြင်း ၊အောက်မေ့ခြင်း ၊ခွဲခွာရခြင်း စသည်ဖြင့်

ရေခဲမှတ်အောက်ရောဂါဆိုးများ………


နူရိုးဆစ်တနင်္ဂနွေ

လိုသည်ထက်ပို၍မသောက်သုံးသင့်သော

စိတ္တဇဟုအမည်ပေးထားသော ပန်းတပွင့်

ဘ၀၏ ချောက်တွန်းကောင်းသောရာသီပေါ်အစားအစာများ

ရေအဆုံး ကုန်းတ၀က် ချစ်သူ့မျက်နှာ

အိမ်မက် တော်လဲသံ

တိမ်တွေကို ချည်နှောင်လေသောကြိုးတစ်ချောင်း

မြုပ်ချီပေါ်ချီ ဆန္ဒတစ်စုံ

ရေဆူမှတ်ထက် ပို၍လောင်ကြွမ်းမိခဲ့သော

သွေးအေးသတ္တ၀ါ တစ်ကောင်ရဲ့ ငြီးငြူသံ


[ဟူး…..............]

အတန်တန်တားထားပါလျှက်

ငိုချင်လျှက်လက်တို့ ညနေခင်းဟာ

တအားကြီးကို ပြိုဆင်းလာခဲ့ပါတယ်။

1/1/05 pm 11:50 At home

No comments: